Post by UXMM
1,281 followers
UXMM Former Volunteers တွေရဲ့ ရင်တွင်းစကားသံများ ✨ Community တစ်ခုကို အသက်ဝင်စေတာဟာ ကြီးကျယ်ခမ်းနားတဲ့ Events တွေတင် မဟုတ်ပဲ နောက်ကွယ်က လူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ယုံကြည်မှုနဲ့ ပေးဆပ်မှုတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ အဖိုးတန်လှတဲ့ အချိန်၊ စွမ်းဆောင်ရည်နဲ့ လူအင်အားတွေကို မောပန်းမှုတွေကြားကနေ အရင်းအနှီးပြုခဲ့ကြတဲ့ Volunteer တွေရဲ့ အခန်းကဏ္ဍကလည်း တစ်ထောင့်တစ်နေရာကနေ အဓိကကျစွာနဲ့ ပါဝင်နေတာ ဖြစ်ပါတယ်။ ✨ UXMM ရဲ့ ခရီးလမ်းတစ်လျှောက်မှာ အားအင်တစ်ခုအဖြစ်ပါဝင်ခဲ့ကြတဲ့ Former Volunteers အချို့ဟာ မိမိတို့ရဲ့ ကိုယ်ပိုင် Career လမ်းကြောင်းတွေကြောင့် ခေတ္တခဏ ထွက်ခွာသွားခဲ့ကြပေမယ့် သူတို့ စနစ်တကျ တည်ဆောက်ချမှတ်ပေးခဲ့တဲ့ Workflow တွေနဲ့ မျှဝေခဲ့တဲ့ Knowledge တွေကတော့ အခုထက်ထိ Community ကို ဆက်လက် အားကောင်းစေတဲ့ အုတ်မြစ်တွေအဖြစ် ရှင်သန်နေဆဲပဲ ဖြစ်ပါတယ်။ UXMM အတွက် အဖိုးမဖြတ်နိုင်တဲ့ ပေးဆပ်မှုတွေနဲ့ ပါဝင်ပေးခဲ့ကြသူ အားလုံးကို ရင်ထဲကလှိုက်လှဲစွာ အထူးကျေးဇူးတင်ရှိသလို ဘယ်နေရာကိုပဲ ရောက်နေပါစေ UXMM ဟာ အမြဲပြန်လာနားခိုလို့ရတဲ့ မိသားစုအိမ်လေးတစ်လုံးအဖြစ် ရှိနေမှာပါ 🏠❤️ 𝐓𝐡𝐚𝐧𝐤 𝐘𝐨𝐮 𝐭𝐨 𝐎𝐮𝐫 𝐅𝐨𝐫𝐦𝐞𝐫 𝐕𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫𝐬 (2025 - 2026)✨ *Ye Min Ko Ko (Kayson)- Content & Visual Specialist* *Htet Aung Shine- Visual Design Specialist* *Aye Chan Pyae- Program Specialist* *Lynn Htet Thant (Alex)- Program & Multimedia Specialist* *May Thin Khine- Coordination Specialist* *Nang Thiri Kyaw (Casey)- Coordination Specialist* *Shin Thant- Development Specialist* *Swan Htet Aung- Coordination Specialist* *Myo Ko Ko Oo- Coordination and Program Specialist* *Hnin Aye Thu- Coordination & Program Specialist* *Soe Moe Ko- Development Specialist* ကဲ… ဒါဆိုရင်တော့ Former Volunteers တွေရဲ့ ရင်တွင်းစကားသံလေးတွေကို အတူတူ နားထောင်ကြည့်ကြရအောင်နော် 👇✨