Post by O' Ze

308 followers

လုပ်ငန်းခွင်တစ်ခုမှာ Management ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုကတော့ 'အဖွဲ့သားတွေ အချိန်ကုန်လူပင်ပန်းစေမယ့် အလုပ်တွေကို ဘယ်လို လျှော့ချပေးမလဲ' outcome ‌‌‌‌တွေကို efficiently & effectively ထွက်အောင်ဘယ်လိုလုပ်ရမလဲ ဆိုတာပါပဲ။ ဒီဘက်ခေတ်မှာဆိုရင် အားလုံးသိကြတဲ့အတိုင်း AI ရဲ အကူအညီနဲ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်းလည်ပတ်ပုံ သဘာဝ‌‌တွေဟာ စတင်ပြောင်းလဲနေပြီဖြစ်ပါတယ်။ ဒါကြောင့် O' Ze ဘက်ကလဲ ၀န်ထမ်း‌တွေရဲ့ AI literacy ကိုမြှင့်တင်ပေးသည့်အပြင် workload ‌တွေကို လျှော့ချပေးနိုင်မယ့် AI Assistant တွေကိုဖန်တီးဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့...  HR GPT : Policy, Handbook, Leave, Career Path, Performance Management နဲ့ Employee Questions တွေကို ကူညီဖြေပေးနိုင်ပါတယ်။ လွယ်ဆန်လျင်မြန်စွာပဲ စိတ်ထဲမှာသိချင်တာရှိတာနဲ့ HR ကိုကိုယ်တိုင်သွားမေးစရာမလိုတော့ပဲ job grade မေးမြန်းခြင်း၊ ဘယ်လိုခွင့်မျိုးယူသင့်ခြင်း၊ ကိုယ်လုပ်နေတာ ရုံး policy နဲ့ညီမညီ စတာတွေကို တစ်ချက်ခေါက်လိုက်ရုံနဲ့ တန်းဖြေနိုင်တဲ့ Assistant ဖြစ်ပါတယ်။ အလားတူပဲ :   Account GPT : Client Management, Content Strategy, Marketing Framework, Proposal နဲ့ Campaign Planning တွေအတွက် Account Team ကို Support ပေးနိုင်ပါတယ်။  Finance GPT : Finance Policies, Internal Processes နဲ့ Financial Operations တွေကို လွယ်ကူမြန်ဆန်စွာ ရှာဖွေအသုံးပြုနိုင်အောင် တည်ဆောက်နေပါတယ်။ O' Ze ရဲ့ယုံကြည်ချက်ကတော့နည်းပညာဆိုတာ လူတွေကို ဖိအားပေးဖို့ မဟုတ်ဘဲ လူတွေရဲ့ စွမ်းရည်ကို ပိုမိုတောက်ပလာအောင် ပံ့ပိုးပေးဖို့ပဲဖြစ်ပါတဘ်။  ဒါကြောင့် AI ဟာလူတွေကို အစားထိုးဖို့ မဟုတ်ပါပဲ  ပိုမြန်မြန်သင်ယူနိုင်ဖို့၊ ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့နဲ့ အလုပ်ကို ပိုတန်ဖိုးရှိအောင် လုပ်နိုင်ဖို့ O' Ze ကတော့ အကောင်းဆုံးကြိုးစားနေပါပြီ။    ပုံပါ screenshot ကတော့ O' Ze HR GPT ကို O' Ze မှာ အလုပ်လုပ်ရတာ career အတွက်ကောင်းမကောင်းမေးထားတာရဲ့ အဖြေလေးပဲဖြစ်ပါတယ်။    #OZe #ArtificialIntelligence #CustomGPT #DigitalAgency #FutureOfWork #AITransformation #MarketingAgency #Innovation

Post content