Post by NAK Sport
1 follower
ကမ္ဘာ့ စွဲဆောင်မှုအရှိဆုံး အားကစားမယ်လို့ တင်စားထားတဲ့ Alica Schmidt တယောက် Dortmund အသင်းရဲ့ Fitness Coach အဖြစ် ခန့်အပ်ပြီးတဲ့ နောက်မှာတော့ သူမရဲ့ အလှနဲ့ ဟန်ပန်တွေကို ဘောလုံးချစ်ပရိတ်သက်တွေက ပိုလို့ သတိထား ဂရုစိုက်လာမိကြပါတယ်။ Dortmund အသင်းဟာ Alica Schmidt ကို Fitness Coach အဖြစ် ခန့်အပ်ပြီးတဲ့ နောက်မှာတော့ ဒီရာသီ အပြောင်းအရွှေ့ကာလအတွင်းမှာ မန်ယူက အလိုရှိနေတဲ့ Dortmund အသင်းရဲ့ လူငယ်ကြယ်ပွင့် Sancho ကို အသင်းမပြောင်းစေဘဲ ထိန်းသိမ်းနိုင်ဖို့ Dortmund က ဘာမဆိုလုပ်မှာပဲ လို့ မန်ယူပရိတ်သက်တွေက ဟာသနှောခဲ့ကြပါတယ်။ သူမကို ၁၉၉၈ ခုနှစ်၊ နို၀င်ဘာလ ၈ ရက်နေ့မှာ Germany နိုင်ငံ၊ Worms (Wormacja) မြို့မှာ မွေးဖွားခဲ့ပါတယ်။ နောက်လ ဆို အသက် ၂၂ ပြည့်ပြီပေါ့။ အရပ်အမြင့် ၅ ပေ ၇ လက်မရှိပြီး ခန္ဓာကိုယ်အလေးချိန် ၁၂၇.၈ ပေါင်ရှိတဲ့ သူမဟာ ငယ်ရွယ်နှပျိုမှု၊ ကျန်းမာသန်စွမ်းမှုအပြည့်နဲ့ အားကစားသမားတစ်ဦးအနေနဲ့သာမကဘဲ မော်လ်ဒယ်နဲ့ Internet Celebrity အနေနဲ့ ပါ အောင်မြင်မှုတွေ ရရှိထားပါတယ်။ အပြေးမယ် (Athlete - runner) အားကစားသမားတစ်ဦးအနေနဲ့ Germany နိုင်ငံကိုယ်စားပြုပြီး ပြိုင်ပွဲတွေ ယှဉ်ပြိုင်ထားပြီး ဆုတံဆိပ်တွေလည်း ရယူပေးထားပါတယ်။ Alica Schmidt ရဲ့ လက်ရှိချစ်သူဟာ Body Builder တစ်ဦးဖြစ်တဲ့ Fredi Richter ပဲဖြစ်ပါတယ်။ ကဲပါ...လှပတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ အကောင်းဆုံးသော ကျန်းမာရေးကို ပိုင်ဆိုင်ဖို့... အားကစားလေး လုပ်ကြပါဦးနော်....။ #KeepGoing_BringYouWhereYouWant #NAKSport www.naksport.com