Post by Myat Thu
Digital Marketer | Experienced Banking Professional | MBA | M.Sc | Digital Banking Products Owner | Helping brands grow with Data-driven Marketing
Landmark (Liquor and Fashion Boutique) ဆိုင်တွင် တာဝန်ထမ်းဆောင်ရန် တက်ကြွဖျတ်လတ်ပြီး အရည်အချင်းရှိသော Digital Marketing Executive (၁) ဦး အမြန်အလိုရှိသည်။ လုပ်ငန်းခွင် အတွေ့အကြုံသစ်တွေနဲ့အတူ မိမိရဲ့စွမ်းရည်ကို အပြည့်အဝဖော်ထုတ်ချင်သူများ အောက်ပါအချက်အလက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါပြီ။ 📋 လိုအပ်သော အရည်အချင်းများနှင့် တာဝန်များ > ပညာအရည်အချင်း: တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။ > အသက်: (၂၂) နှစ်မှ (၂၈) နှစ်အတွင်း (အမျိုးသမီး (၁)ဦး) > လုပ်သက်: မိမိလုပ်ငန်းနယ်ပယ်တွင် လုပ်သက်အတွေ့အကြုံ အနည်းဆုံး (၂) နှစ်ရှိရမည်။ > ကျွမ်းကျင်မှု: Facebook Ad Manager အသုံးပြု၍ ကြော်ငြာ (Ads Campaign) များ ကောင်းမွန်စွာ Run တတ်သူ။ > ဆွဲဆောင်မှုရှိသော Content နှင့် ကြော်ငြာစာ (Copywriting) များ ရေးသားနိုင်သူ။ > ဖုန်း/ကင်မရာနှင့် ဗီဒီယိုအခြေခံ ရိုက်ကူးတည်းဖြတ်နိုင်သူ။ > ဘာသာစကား: မြန်မာနှင့် အင်္ဂလိပ် (ပြော၊ ရေး၊ သေချာအသုံးပြုနိုင်သူ)။ > စိတ်နေစိတ်ထား: Personality ကောင်းမွန်ပြီး စည်းကမ်းရှိသူ။ အဖွဲ့အစည်းနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိသူ။ နည်းပညာနှင့် Marketing trend အသစ်များကို အမြဲမပြတ် လေ့လာအားထုတ် ကြိုးစားလိုစိတ် ရှိသူ။ 💰 ခံစားခွင့်များနှင့် လုပ်ငန်းခွင်အကျိုးခံစားခွင့် လစာနှုန်းထား: > အစမ်းခန့်ကာလ (၃)လအတွက်: ၅ သိန်း ကျပ် > အရည်အချင်းစစ် အောင်မြင်ပါက: ၆ သိန်း မှ ၈ သိန်း ကျပ် (စွမ်းဆောင်ရည်ပေါ် မူတည်၍ ညှိနှိုင်းပေးမည်။) > နေစရာ: ကွန်ဒို (Condo) တွင် နေထိုင်ခွင့် အခမဲ့ စီစဉ်ပေးမည်။ > စားစရိတ်: နေ့လယ်စာ ကျွေးမွေးမည်။ > အပိုခံစားခွင့်: ရလဒ်အပေါ်မူတည်၍ ဘောနပ်စ် (Bonus) ခံစားခွင့်ရှိမည်။ ⏰ အလုပ်ချိန်နှင့် အားလပ်ရက် > အလုပ်ချိန်: မနက် ၁၀:၀၀ နာရီမှ ညနေ ၆:၀၀ နာရီအထိ (သို့မဟုတ်) နေ့လည် ၁:၀၀ နာရီမှ ည ၉:၀၀ နာရီအထိ > အားလပ်ရက်: တစ်ပတ်လျှင် (၁) ရက် ပိတ်သည်။ 📍 လုပ်ငန်းလိပ်စာ https://lnkd.in/gkgAZuyH 📩 လျှောက်ထားရန်နည်းလမ်း စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form နှင့် မိမိကိုယ်တိုင် ဖန်တီးခဲ့ဖူးသော Content/Artwork/Video Sample များ (ရှိပါက) အား Google Drive Link ဖြင့် ဖြစ်စေ၊ Portfolio ပြုလုပ်ထားပြီးသား ဖိုင်ဖြင့် အောက်ပါ Viber Number (2)ခုသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ 09985000977 09794464496