Post by Lynn Htet Thant

User-Centric UX/UI Designer | Transforming Complex Problems into Great Solutions

“သားကြီးရေ ခဏစိုက်ထားလိုက်ကွာ …ငါဘာဖြစ်လို့ညာဖြစ်လို့..” ကြုံဖူးကြတယ်မလား .. အဲ့လိုပဲ Team မှာ ကလေးတွေနဲ့ မုန့်စားတယ် လစာမရသေးကြတော့ ကိုယ်ကပဲ စိုက်ရှင်းထားတယ် .. ကလေးတွေက မှန်မှန်ကန်ကန်ပြန်ပေးကြတယ်ဆိုပေမဲ့.. အကြိမ်ရေများလာတော့ မှတ်ရတာ အာရုံနောက်သလို .. စာရင်းရှုင်းပြီးဆို excel ဖွင့်တွက် ပြီးရင် ဟိုလူ့ကို ဘယ်လောက်ပေး ဒီလူ့ကို ဘယ်လောက်ပေးနဲ့ လည်ထွက်နေကော အဲ့ပြသနာကို ရှင်းချင်တာကြာပြီ .. အဲ့တော့ ကိုယ်က Problem လဲသိနေပြီ Product Design နဲ့ပတ်သတ်ရင် အကောင်ပဲဆိုတော့ AI နဲ့ ရေးဖြစ်တဲ့ ဟာလေးပါ Idea ကတော့ Team က ကလေးတွေ ideas တွေစုထားပြီးတော့ Design နဲ့ Code ကိုတော့ Cursor ကိုသုံးပြီး ကလေးတွေပဲ ရေးပေးထားပါတယ် 😂😂 Database နဲ့တော့ မချိတ် Auth မခံထားတာမို့ စမ်းသုံးချင်ရင် သုံးလို့ရပါတယ် .. #aiproduct #software #bill #team #ux #product #design #cursor

Post content

Video Content