Post by Kaung Myat
Legal Executive at Tokyo Consulting Firm
#Company တစ်ရပ်က Self-Dormant လုပ်လို့ရသလားမေးရင် မြန်မာနိုင်ငံမှာတော့ မရသေးပါဘူး။ မြန်မာနိုင်ငံမှာ ဖွဲ့စည်းတည်ထောင်ထားတဲ့ ကုမ္ပဏီတစ်ရပ်ကို Self-Dormant လုပ်ဖို့အတွက် ထောက်ပံ့ပေးထားတဲ့ ဥပဒေ၊ လုပ်ထုံး/နည်းမရှိသေးဝာာကြောင့်ပါ။ မြန်မာနိုင်ငံမှာ လုပ်လို့မရသေးပေမဲ့ Self-Dormant လုပ်ခွင့်ပြုထားတဲ့နိုင်ငံတွေထဲက အချို့နိုင်ငံတွေကိုသိရင် အံဩသွားမှာပါ။ ဥပမာ Common Law System ရဲ့ မိခင်ကြီး UK၊ ASEAN အဖွဲ့၀င်နိုင်ငံဖြစ်တဲ့ Singapore နဲ့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းလဲဖြစ် ဥပဒေစနစ်ကျင့်သုံးပုံလဲတူတဲ့ India နိုင်ငံတို့မှာဆိုရင် #Self -Dormant ကို တရား၀င်ခွင့်ပြုပေးထားပါတယ်။ ဒါဆိုရင် Business Entity တွေက ဘယ်အခြေနေမှာ ဘာကြောင့် မိမိကုမ္ပဏီကို Self-Dormant လုပ်ကြသလဲဆိုရင် နိုင်ငံအဆင့်၊ နိုင်ငံတစ်ကာအဆင့် ကပ်ဘေးတွေကြောင့် business operation တွေမလည်ပတ်နိုင်ချိန်မှာ မိမိကုမ္ပဏီကို အပြီးတိုင်ဖျက်သိမ်းစရာမလိုပဲ "ခေတ္တဆိုင်းငံ" ထားနိုင်ပြီး ဆိုင်းငံထားချိန်အတောတွင်းမှာလဲ #regulatory compliance and costs တွေကို အတိုင်းအတာတစ်ခုအထိ တရား၀င်လျှော့ချထားနိုင်ဖို့အတွက်ပါ။ (COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာအနှံ့စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းရတာက အနီးစပ်ဆုံးဥပမာပါ)။ ဒီလိုဆောင်ရွက်ခြင်းဖြင့် အားနည်းလာတဲ့ Business Entity တွေကို မလိုအပ်ဘဲ regulatory compliance ၀န်ထုပ်၀န်ပိုးဖိစီးခြင်းကနေ ကာကွယ်နိုင်ပြီး စာရင်းရှင်းလင်းဖျက်သိမ်းတဲ့ ကုမ္ပဏီအရေအတွက်တိုးလာခြင်းကိုလဲ လျှော့ချနိုင်ပါတယ်။ အပြီးတိုင်ဖျက်သိမ်းပြီးမှအသစ်ပြန်လည်စတင်ရတာမျိုးမဟုတ်တာကြောင့် setting up and winding up procedure တွေထပ်မံဆောင်ရွက်ဖို့မလိုဘဲ Foreign Investors and Stakeholders တွေကို ပိုပြီးဆွဲဆောင်နိုင်ပါတယ်။ လျှော့ချပေးထားတဲ့ regulatory compliance တွေကဝောာ့ ကျင့်သုံးတဲ့နိုင်ငံတွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ ဒါနဲ့ဆက်စပ်ပြီး မြန်မာနိုင်ငံ "လူမွဲခံယူခြင်းဆိုင်ရာဥပဒေ၊ ၂၀၂၀" မှာ ကုမ္ပဏီကို ကယ်ဆယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်း နှင့် စာရင်းရှင်းလင်းဖျက်သိမ်း ခြင်းဆိုတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ပြဌာန်းထားပေမဲ့ မြေပြင်မှာတော့ ကယ်ဆယ်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း ဆောင်ရွက်ချက်တွေဟာ မရှိသလောက်ရှားနေပြီး စာရင်းရှင်းလင်းဖျက်သိမ်းခြင်းတွေပဲ နှစ်အလိုက်တိုးပွားလာနေတာပါ။ ဒါထက်ပိုပြီး တရား၀င်စာရင်းရှင်းလင်းဖျက်သိမ်းတဲ့ကုမ္ပဏီထက် #Struck-Off အဖြစ်ခံသွားတဲ့ ကုမ္ပဏီအရေအတွက်ဟာ ရာထောင်ချီပြီး ရှိနေပါတယ်။ ဒီလိုတွေဖြစ်နေတာဟာ မြေပြင်အခြေနေကြောင့်လား ဥပဒေလိုအပ်ချက်လားဆိုတာ ထည့်သွင်းစဉ်းစားစရာပါ။ Kaung Myat (05/07/2026)