Post by Kaung Htet Soe
Head of Marketing
အလုပ်ပြောင်းတာတွေနဲ့ ပက်သက်ပြီး ကိုယ်တိုင် ကြုံဖူးတဲ့ သင်ခန်းစာ အဖြစ်အပျက်တချို့အရ ကိုယ်က Experience ရှိပြီးသား skillful ဖြစ်ပြီးသား Management level position ကဆိုရင် ကိုယ် join မယ့် organization အမျိုးအစား ပေါ်မူတည်ပြီး သေချာ ရွေးချယ် ကြပါလို့ အကြံပေးချင်ပါတယ်။ ဆိုလိုတာက ကိုယ် အလုပ်လုပ်ခဲ့တာ corporate life ကဆိုရင် ကိုယ် နောက်ပြောင်းမယ့် အလုပ် ဝန်းကျင်ဟာလည်း Corporate life စစ်စစ် မဟုတ်ခဲ့ရင်တောင် company structure အရ စနစ်တကျ ဖွဲ့စည်းထားတဲ့ ခိုင်မာတဲ့ Organization မျိုးကိုပဲ ရွေးချယ်သင့်ပြီး အခုမှ start up လုပ်နေတဲ့ business မျိုး၊ develop ဖြစ်တော့မလိုလို၊ မဖြစ်တော့သလိုလို၊ ဖြစ်လတံ့ဆဲ မမဆောင်း vibe နဲ့ အဖွဲ့အစည်းလိုလိုတွေ၊ company အမည်ခံပြီး SME သာသာ လည်ပတ်နေတဲ့ လုပ်ငန်းမျိုးတွေကိုတော့ လုံးဝ မရွေးချယ်ဖို့ အကြံပေးပါရစေ။ အခုလို ဝန်ထမ်း စျေးကွက်ပျက်နေတဲ့ အခြေအနေမှာ အရင်အလုပ်က ထွက်ရ ပြီးပြီးရော တွေ့ရာ၊အဆင်ပြေရာကို လျှောက်တန်း မ join လိုက်ဖို့ကို ပြောချင်တာပါ။ ဘာလို့လဲဆို ပေါချောင်ကောင်းစောင့်နေတဲ့ အစုအဖွဲ့လေးတွေ ရှိသလို၊ စျေးကွက်နဲ့ကိုက်ပြီး ကိုယ်တောင်းသလောက် ပေးနိုင်လင့်ကစား System မရှိ၊ ဖွဲ့စည်းမှု အားမကောင်းတဲ့ နေရာမျိုးတွေ၊ အရည်အချင်းမပြည့်မှီတဲ့ ဝန်ထမ်းတွေနဲ့ လုံးလည်ချာလည် လိုက်နေတဲ့ လုပ်ငန်းခွင်မျိုးတွေကို ရောက်သွားမိခဲ့ရင် culture လည်းမသိ၊ process လည်း မရှိ နဲ့ professional ဆန်ဆန် treat အလုပ်မခံရတာမျိုးတွေ ကြုံတွေ့ရတတ်လို့ပါပဲ။ Corporate life မှာတောင် အဲ့ဒီ့လို အထိအတွေ့မျိုး အနည်းနဲ့အများ ကြုံနေရတာမို့ အပေါ်က ပြောခဲ့တဲ့ Organization မစစ်မှန်တဲ့ နေရာမျိုးတွေမှာ ကိုယ့်ရဲ့ professional career ကို အထိအခိုက် အပွန်းအပဲ့ မခံကြစေလိုတဲ့အတွက် ကိုယ့်လို ဘဝတူ management level တွေကို remind လုပ်ပေးရတာပဲ ဖြစ်ပါတယ်။ နောက်ဆုံး အနေနဲ့ကတော့ အလုပ်ပြောင်းမယ်ဆို လက်ရှိလုပ်နေတဲ့ corporate သော်လည်းကောင်း၊ structure ကျကျ တည်ဆေက်ထားတဲ့ Level တန်းတူသော company မျိုးကို မပြောင်းဖြစ်ရင်တောင် သူ့ထက် မြင့်တဲ့ organization မျိုးကိုသာ ရွေးချယ်ကြဖို့ တိုက်တွန်းလိုပါတယ်။ #KSoe #failmanagement #management #culture