Post by Htet Waiyan Aung

Full stack developer and Internet of Things (IoT) enthusiast with a passion for Product development, Leading Development Teams & Technology. Lead Software Engineer at Klink Myanmar.

ကျနော်က local မှာ နာမည်ရနေတဲ့ brand တွေ  အကြောင်း အမြဲစိတ်ဝင်တစား ရှိခဲ့တဲ့သူပါ brand ဆိုတဲ့ နေရာမှာ commercial business brand တွေ အပြင် အခြား industry အသီးသီးက branding  တည်ဆောက်ပုံတွေက၊ အကွက်ရွေ့ပုံတွေ က လဲ သူ့နည်းသူ့ဟန်နဲ့ စိတ်ဝင်စားစရာ ကောင်းပါတယ် 2010s တွေတုန်းက  music industry မှာ big bag၊ wanted, idiots, reason တို့ rock band လေးခု ပေါင်းပြီး SIR rock house တို့လို ပရိသတ်အားပေးမှု ထုထည် အကြီးကြီး ဖြစ်အောင် ဘယ်လို တည်ဆောက်ခဲ့ကြလဲ ဆိုတာတွေ လဲ branding ထဲ ထည့်နိုင်ပါတယ် Brand influence လွှမ်းမိုးမှု ဘယ်လောက်ကြီးလဲ ဆိုရင် (ခု 2026 ထိ SIR ဘာကြောင့် ကွဲသလဲ ငြင်းခုန်နေကြတုန်းပါ) အဲလိုနဲ့ အမှတ်မထင်သွားတွေ့တာ တစ်ခုက "မြင်းမူ ထီ ဘုရင်" ဆိုတဲ့ brand ပါ Local business brand တွေမှာ တော်တော် Cool ဖြစ်တယ် ပြောရမယ့် Brand name မျိုး ဖြစ်ပါတယ် (ဒီ brand ကို Branding အကြောင်းလေ့လာလို့ သိတာမဟုတ်ဘဲ ဆယ်လီ သတင်းတွေ ဖွလေ့ရှိတဲ့ page တစ်ခုကနေ  အကယ်ဒမီမင်းသမီး တစ်ယောက်နဲ့ ပတ်သတ်ပြီး အမှတ်မထင် ကြားဖူးတာ ဖြစ်ပါတယ် ) brand name မှာ ရှိတဲ့ စကားစု တစ်ခုချင်းစီက သီးခြားစီ ဖြစ်နေပေမယ့် ပေါင်းလိုက်ရင် လုံးဝ punch line ဖြစ်သွားပါတယ် ပထမဆုံး နာမည်ကြားရုံနဲ့ punch line ဖြစ်ပြီး influence လုပ်နိုင်တဲ့ brand name က local မှာ ရှားပါးတယ် ဆိုရမှာပါ လူ့သဘာဝ အရ အုပ်စုဖွဲ့ နေတဲ့ ဗီဇက DNA ထဲပါလာတဲ့  ကျနော်တို့ လူသားတွေက ဒေသစွဲရှိပါတယ် အင်္ဂလန် premier league က မန်ချင်စတာ ဒေသခံတွေကနေ "မြင်းမူ ထီဘုရင်" ရဲ့ ကိုယ်စားပြုရာ ဒေသဖြစ်တဲ့  မြင်းမူနယ် ထိ အုပ်စုဖွဲ့ တတ်တဲ့ လူ့သဘာဝ က အတူတူဘဲ ဖြစ်ပါတယ် "မြင်းမူ ထီ ဘုရင်" ဟာ လူသားတွေရဲ့ Human behavior ကို  ကောင်းကောင်း နားလည်တော့ brand မှာ ကို ကိုယ်စားပြုရာ ဒေသကို ထိပ်ဆုံးက ထည့်လိုက်ပါတယ် အလယ်မှာ ကိုယ်လုပ်တဲ့ business "ထီ" လုပ်ငန်း ကို ထည့်ပြီး နောက်ဆုံးမှာ "ဘုရင်" စကားလုံးကို သုံးပြီး Market ထဲ ငါသာ ဘုရင်ဆို ငါသာ Market Leader ငါသာ မိုနိုပိုလီ လုပ်ထားတယ် ဆိုတာ brand name ကြားတာနဲ့ တန်းသိအောင် လုပ်ထားပါတယ် တကယ် Market Leader၊ ဘုရင် ဟုတ်ချင်မှ ဟုတ်မှာပါ  ​ဒါမယ့် Brand နာမည်ကြားတာနဲ့ တန်းမှတ်မိတဲ့ ဒီမြို့မှာ ထီနဲ့ ပတ်သက်ရင် ငါက Market Leader  ဆိုတာကို Influence လုပ်နိုင်တဲ့ ဘုရင် စကားလုံးကို Brand name ထဲ ထည့်သုံးတာ တအားဆရာကျ တဲ့ အကွက်ပါ ဒီလို cool ဖြစ်လွန်းတဲ့ Local Brand အကြောင်း သိချင်ရင်တော့  Tiktok မှာ ဘဲ ရိုက် ရှာကြည့်လိုက်ကြ ပါ။ #branding #localbusiness #မြင်းမူထီဘုရင်

Post content