Post by Digi-Learn

536 followers

Digi-Learn ကပြုလုပ်သွားမယ့် Panel Discussion အတွက်ပထမဆုံး မိတ်ဆက်ပေးချင်တဲ့ Panelist ကတော့ ကိုဖြိုးပိုင်ပဲဖြစ်ပါတယ်။ ကိုဖြိုးပိုင်ဟာ Mandalay General Hospital မှာ Medical Officer အဖြစ်လုပ်ကိုင်ပြီးတဲ့အခါမှာ ဆေးနဲ့ဆေးဝါး ပစ္စည်းတွေ ဖြန့်ချီတဲ့ Roche Company မှာ Medical Product Specialist အနေနဲ့ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ဝင်ဝင်ချင်း ပထမ ၆ လ အတွင်းမှာပဲ ရောင်းအားကို 410% ထိတက်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် Sales Superstar Award ကို ရရှိခဲ့ပါတယ်။ ကိုဖြိုးပိုင်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ပညာရေးနဲ့ စီးပွားရေး စွန့်ဉီးတီထွင်တာတွေကနေတဆင့် သူ့ရဲ့ ဘဝကိုပြောင်းလဲချင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် Mandalay University မှာ MBA ဘွဲ့ကိုယူဖို့လုပ်ရင်းမှာပဲ Mobile Phone ဆိုင်တစ်ခုကို စဖွင့်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ မူလရည်ရွယ်ချက်အတိုင်း စွန့်စားမှုအသစ်တွေကို စလုပ်ဖို့အတွက် သူစီမံခန့်ခွဲနေရတဲ့ ကိစ္စတွေအကုန်လုံးကို သူ့ရဲ့ Manager နဲ့လုံးဝ လက်လွှဲထားခဲ့ပါတယ်။ ကိုဖြိုးပိုင်ဟာ ပြည်တွင်းနဲ့ ပြည်ပက Corporation တွေအတွက် Corporate Training တွေကို 2015 ခုနှစ်တည်းက စတင်ပြီး ဉီးစီးလုပ်ဆောင်ခဲ့ပါတယ်။ Marketing 101 and Guerrilla Marketing Programs တွေကိုလည်း ကျောင်းသားပေါင်း 3000 ကျော်ကို သင်ကြားပို့ချပေးခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ - Y.E.C Learning Center (www.yec.edu.mm), - Toe Tet Online Learning (https://toetet.com/), - Dream Lab Book-summarizing subscription service (https://dreamlab.news/), - AKyanPay Business Coaching and Consulting Service (https://akyanpay.com/) တို့မှာ Founder အဖြစ် တာဝန်ယူဆောင်ရွက်လျှက် ရှိပါတယ်။ ဒါ့အပြင် Digital Seed web-development agency (https://lnkd.in/g7zFvyy5) မှာလည်း Co-Founder အဖြစ်ပါ တာဝန်ယူထားတဲ့သူ တစ်ဉီးဖြစ်ပါတယ်။ ကိုဖြိုးပိုင် အဓိက ကျွမ်းကျင်တဲ့ အရာတွေကတော့ Training, Marketing, Sales, Entrepreneurship, Guerrilla Marketing, Public Speaking, Business Development, Business Consulting and Angel Investing တို့ပဲဖြစ်ပါတယ်။ Digi-Learn က ဇန်နဝါရီလ 9 ရက်နေ့မှာ ပြုလုပ်မယ့် Panel Discussion မှာတော့ ကိုဖြိုးပိုင်ဟာ Digital-Learning Based သင်ကြားသင်ယူမှုစနစ်တစ်ခုကို အကောင်အထည်ဖော်တဲ့အခါမှာ ရင်ဆိုင်ရတဲ့ အတွေ့အကြုံတွေကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ ဆွေးနွေးသွားမယ့် အကြောင်းအရာအသေးစိတ်နဲ့ Event ရဲ့ Information တွေကို ဒီ Link https://lnkd.in/g8UYHUYP ကနေဖတ်နိုင်ပါတယ်။ နောက်ထပ် မိတ်ဆက်ပေးသွားမယ့် Panelist တွေရဲ့ အကြောင်းတွေကိုလည်း နောက်လာမယ့် Post တွေမှာ ဆက်လက် စောင့်ကြည့်ပေးသွားပါဉီးခင်ဗျာ။

Post content