Post by Career Centre Myanmar
823 followers
ခုခေတ်မှာ ဝန်ထမ်းသစ်ရှာရတာ🤦♀️ လိုချင်တဲ့ CV အရေအတွက်က ရှာမရ၊ အင်တာဗျူးချိန်းတော့ မလာကြ၊ လာမယ်ပြောတဲ့သူက အင်တာဗျူးနေ့ရောက်မှ ဖုန်းစက်ပိတ်လို့ပိတ်နဲ့ စိတ်ပျက်စရာ အဖြစ်အပျက်ပေါင်းများစွာနဲ့ HR သမားတွေ လုံးပန်းနေရတာလဲ ကိုယ်ချင်းစာပါတယ် 😔 အလုပ်လျှောက်ထားသူ Candidate အများကြီးထဲကမှ (တစ်ခါတလေ များများတောင်မရှိတာ 😭) ကိုယ့်ရုံးကို စိုက်စိုက်မြိုက်မြိုက်ရောက်လာပြီး အင်တာဗျူးလာဖြေသူတွေထဲကမှ ခေါ်တဲ့ရာထူးနဲ့ အကိုက်ညီဆုံးဖြစ်တဲ့သူကို ရွေးရတာဆိုတော့ တော်တော်လည်း ကျပ်တည်းပါတယ်။ ဟိုဟာပြေရင် ဒီဟာမပြေ၊ ဒီဟာပြေတော့ဟိုဟာမပြေနဲ့ ညှိပေးလိုက်ရတာလဲ အမော 😥 အဲလိုအခက်အခဲပေါင်းများစွာကြားကနေမှ 'အဆင်ပြေပါတယ်' ဆိုတဲ့သူတွေ့ပြီဆိုရင် လိုအပ်တဲ့ Background Check ဘာညာကို မြန်မြန်လိုက်ပြီး ဟိုရွှေ့ဒီရွှေ့လုပ်မနေဘဲ ခန့်ဖြစ်ကြောင်းကို အမြန်ဆုံးသာ ဆုံးဖြတ်ဖို့ တိုက်တွန်းပါတယ်နော်။ ဘာလို့လဲဆိုတော့ တော်တဲ့၊ အဆင်ပြေတဲ့ ဝန်ထမ်းကောင်းတွေကို ဘယ်အဖွဲ့အစည်းကမဆို လိုချင်နေကြလို့ပါ။ တချို့ရုံးတွေမှာကြ HR နဲ့ သက်ဆိုင်ရာမန်နေဂျာက ခန့်ဖို့ကြိုက်နေပြီ။ CEO/ MD ဆီက ခန့်ခွင့်စောင့်နေရတာနဲ့ ကြိုက်တဲ့သူတွေကို လက်လွှတ်လိုက်ရတာ အရမ်းနှမျှောဖို့ကောင်းတယ် 😔 ကိုယ်တွေက ဟိုရွှေ့ဒီရွှေ့ တွန့်ဆုတ်နေတဲ့အချိန် သူတို့က တခြားအလုပ်တွေပါ လျှောက်ထားပြီးသား ဖြစ်နေနိုင်တယ်။ ကိုယ်က ခန့်ဖြစ်ကြောင်း အကြောင်းကြားတာ နောက်ကျတာနဲ့ တခြားအလုပ်က Offer ရသွားပြီး လက်ခံလိုက်တာမျိုးတွေ အများကြီးပါပဲ။ 🤷♀️ ဒီလိုဖြစ်သွားပြီဆိုရင် ဘယ်သူအလုပ်ရှုပ်လဲဆိုတော့… ကိုယ်တွေပဲပေါ့။ 😥 အချိန်တွေ၊ လူအင်အားတွေ အကုန်အကျခံပြီး Screening တွေလုပ်၊ အင်တာဗျူးတွေ ခေါ်ထားတာ အစကနေပြန်စရတာပေါ့။ ကြော်ငြာပြန်တင်၊ CV တွေပြန်စစ်၊ အင်တာဗျူးတွေ ပြန်ခေါ်နဲ့ အလုပ်တွေက ပိုတောင်ရှုပ်သေး။ 🤦♂️ တခါတလေဆို စိတ်ဓါတ်တွေပါ အောက်ဆုံးထိထိုးကြတယ် 😥 ဒါကြောင့်မို့ အင်တာဗျူးပြီးလို့ ကြိုက်တဲ့သူတွေ့ပြီဆိုရင် အချိန်ဆွဲမနေဘဲ မြန်မြန်သာ Offer Letter ပို့ပေးလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်နော် ✉️ ဒါပေမဲ့ မြန်မြန်ဆုံးဖြတ်နေပါလျက်နဲ့ ကိုယ်ကခန့်လိုက်၊ သူတို့မလုပ်ဖြစ်လိုက်၊ အခြားမှာ အလုပ်ရသွားလိုက်ဖြစ်နေရင်လည်း လက်လျှော့မသွားပါနဲ့အုံးနော်။ 💡 Quality ကောင်းတဲ့ CV တွေကို မြန်မြန်ရှာပေးပြီး လူခန့်ဖြစ်တဲ့အထိ Career Centre Myanmar (CCM) က ကူညီပေးဖို့ အသင့်ရှိပါတယ်နော်!🤝 𝑯𝒊𝒓𝒆 𝑭𝒂𝒔𝒕𝒆𝒓 𝒘𝒊𝒕𝒉 𝑪𝑪𝑴! 𝐂𝐚𝐫𝐞𝐞𝐫 𝐂𝐞𝐧𝐭𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 Phone or Viber: 09782819271 Email: [email protected] #CareerCentreMyanmar #CCM #KnowledgeSharing #HRMyanmar #Recruitment #HiringTips #HRCommunity