Post by AYA SOMPO Insurance

24,241 followers

၂၀၂၀ ခုနှစ် Myanmar National League တွင် ဝင်ရောက်ယှဥ်ပြိုင်မည့် ပြည်တွင်းကလပ်အသင်းတစ်ခု ဖြစ်သော ဧရာဝတီယူနိုက်တက်ဘောလုံးအသင်းအား AYA SOMPO Insurance မှ Main Sponsor အဖြစ် ကူညီ ပံ့ပိုးပေးရန်အတွက် Sponsorship အခမ်းအနားကို ၂၀၂၀ ခုနှစ် ၊ ဇန်နဝါရီလ ၊ ၂၈ ရက် နေ့တွင် Novotel Hotel Yangon Max တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ မြန်မာနေရှင်နယ်လိဂ်မှ CEO ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများ၊ AYA SOMPO အာမခံမှ CEO ဦးမျိုးမင်းသူနှင့် တာဝန်ရှိသူများ၊ Media အသီးသီးတို့မှတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဧရာဝတီယူနိုက်တက်အသင်း၏ ဥက္ကဋ္ဌ ဦးမင်းလှိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စပွန်ဆာကုမ္ပဏီများနှင့်လက်မှတ်ရေးထိုးခြင်း၊ အမှတ်တရလက်ဆောင်များပေးအပ်ခြင်း၊ ဂုဏ်ပြုဆုတံဆိပ် ပေးအပ်ခြင်းများပြုလုပ်ခဲ့ကြပါတယ်။ AYA SOMPO Insurance ၏ CEO ဖြစ်သူ ဦးမျိုးမင်းသူမှ “ကျွန်တော်တို့ AYA SOMPO Insurance အနေဖြင့် မြန်မာနိုင်ငံရဲ့ လူမှု‌ရေး၊ စီးပွား‌ရေးဖွံ့ဖြိုးတိုးတက်စေရန်အပြင် ကျန်းမာပျော်ရွှင်သော လူနေမှုဘ၀များ ပိုင်ဆိုင်စေလိုသော ရည်ရွယ်ချက်များဖြင့် အဓိကထားလုပ်ဆောင်သွားမှာဖြစ်ပြီးတော့ မြန်မာ့အားကစားဖွံ့ဖြိုးတိုး တက်စေရေးအတွက် ဘောလုံးအားကစားရဲ့ အခန်းကဏ္ဍကိုမြှင့်တင်နိုင်စေရန်နဲ့ အားကစားလိုက်စားသော လူငယ်တွေအတွက် ပံ့ပိုးပေးခြင်းအားဖြင့် အနာဂတ်တွင် မြန်မာ့ဂုဏ်ဆောင်လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက်လည်း ပါ၀င်ကူညီလုပ်ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ပါသည်။

Post contentPost contentPost contentPost contentPost contentPost contentPost contentPost content