Post by Aung Kaung Pyae
HR Executive
ဘာလို့ Talent ရှိတဲ့ ဝန်ထမ်းတွေ မမြဲတာလဲ? တချို့ Company တွေက Salary မဆိုးဘူး။ Benefit လည်း ရှိတယ်။ Office လည်း ကောင်းတယ်။ ဒါပေမယ့်... ဝန်ထမ်းကတော့ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားတယ်။ အကြောင်းရင်းက တစ်ခါတလေ System မဟုတ်ဘူး... လူတွေ ဖြစ်နေတတ်တယ်။ - Procedure ကို မလိုက်နာဘဲ ကိုယ်လိုချင်တာရဖို့ အမြဲဖိအားပေးတဲ့သူ။ - Teamwork ထက် Drama နဲ့ Office Politics ကို ပိုစိတ်ဝင်စားတဲ့သူ။ - အပေါ်ဖား၊ အောက်ဖိနဲ့ ရာထူးကိုပဲ လိုက်တဲ့သူ။ - Knowledge ကို မျှဝေမယ့်အစား "ငါပဲသိတယ်" ဆိုတဲ့စိတ်နဲ့ အလုပ်လုပ်တဲ့သူ။ ဒီလိုလူတွေကို လက်ခံထားတဲ့ Company မှာ... Talent တွေက မနေတော့ဘူး။ အသစ်ဝင်လာတဲ့သူတွေလည်း ကြာကြာမခံဘူး။ နောက်ဆုံးတော့ Culture က ပျက်သွားပြီး Company ရဲ့ နာမည်ပါ ထိခိုက်လာတယ်။ Toxic Employee တစ်ယောက်ရဲ့ သက်ရောက်မှုက Employee တစ်ယောက် ထွက်သွားတာထက် ပိုကြီးတယ်။ သူက Team တစ်ဖွဲ့လုံးရဲ့ ယုံကြည်မှုနဲ့ စိတ်အားထက်သန်မှုကိုပါ ဖျက်ဆီးနိုင်တယ်။ Talent ကို ရှာဖို့ အရေးကြီးတယ်။ ဒါပေမယ့် Talent တွေ နေချင်တဲ့ Culture ကို တည်ဆောက်ဖို့က ပိုအရေးကြီးတယ်။