Post by Ah Kar Aung
APSCA CSCA
LinkedIn ကို Facebook လို သုံးနေတဲ့နိုင်ငံဆိုပီး Post လေးတစ်ခုတွေ့လို့ LinkedIn ပေါ်မှာ ကျနော်တို့နိုင်ငံက User တချို့ (တချို့ကိုမှတချို့ပါ - ဝါးလုံးရှည်နဲ့ပတ်ရမ်းနေတယ်ဖြစ်မှာလဲ စိုးရသေးတယ်) က Professional Social Platform တစ်ခုကို သာမာန် Social Platform တစ်ခုနီးနီးလို သုံးနေကြတာ မြင်ရတာ အမြင်အသင့်လှပါ။ ကိုယ့် Profile ပဲ ကိုယ်သုံးချင်သလို သုံးမယ်ဆိုရင်ဖြစ်လဲ မိမိသဘောသာဖြစ်ပါပေသည်။ ဒါပေမဲ့ မိမိရေးလိုက်တဲ့စာ၊ တင်လိုက်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုအကြောင်းအရာတွေသည် မိမိရဲ့ Professional ဆန်မှုကို ကိုယ်စားပြုသည်ကို သတိထားမိဖို့လဲ လိုပါသည်။ ဝေဖန်လို့ရသည်၊ နည်းလမ်းကျကျ ချက်နှင့်လက်နှင့် ဝေဖန်၊ ဆွေးနွေးအကြံပြုခြင်းက ရပ်ကွက်ထဲ အော်ကြီးဟစ်ကျယ်အတင်းပြောနေသကဲ့သို့ စောင်းမြောင်းရေးသားနေခြင်းထက်ပို၍ လူကြီးလူကောင်းဆန် လူမြင်တင့်တယ်ပေသည်။ အိမ်မှာ စွပ်ကျယ်၊ ဘောင်းဘီတိုနှင့်နေသည်က အဆင်ပြေပေမဲ့ မင်္ဂလာပွဲမှာ စွပ်ကျယ်၊ ဘောင်းဘီတိုနှင့်က အမြင်မတင့်တယ်လှပါ။ နောက်ဆုံး နိဂုံးအနေဖြင့် မိမိ၏ အဆင့်အတန်းသည် မိမိ၏ အမူအကျင့်နှင့်သာ သက်ဆိုင်ပါသည်။